OIC ရုံး မြန်မာနိုင်ငံတွင် အခြေစိုက်မည့်အရေး ရဟန်းရှင်လူ ကန့်ကွက် ဆန္ဒပြ
မြန်မာနိုင်ငံတွင် OIC ဆက်ဆံရေးရုံး ဖွင့်လှစ်မည့်ကိစ္စအား ဆန့်ကျင် ကန့်ကွက်သည့်အနေဖြင့် ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ရဟန်းသံဃာတော်များနှင့် ပြည်သူလူထု စုပေါင်းပြီး OIC ရုံး အလိုမရှိ၊ ဘာသာရေးကျူးကျော်မှု ရပ် စသည့် ဆိုင်းဘုတ် စာတမ်းများကို ကိုင်ဆောင်၍ ကြေးသွန်းဘုရားကြီးတန်ဆောင်းမှာ စုရပ်ပြုလုပ်ပြီး ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက် ဆန္ဒပြကာ ဆူးလေဘုရား၊ မြို့တော်ခန်းမနှင့် ဧမာနွေလ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ရှေ့တို့မှာ ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါသည်။








