Published On: Thu, Nov 29th, 2012

မိုဘိုင်းအင်တာနက် အသုံးပြုခ မြှင့်တင်မှုအပေါ် ဆန္ဒထုတ်ဖော်မည်ဖြစ်

Share This
Tags

ကိုနေမျိုးဇင်၊ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်

တွေ့ဆုံမေးမြန်းခန်း

 

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ကနေ စတင်ပြီး မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲခကို အင်တာနက်သုံးစွဲတဲ့ နှုန်းထားအလိုက် ပြောင်းလဲ ကောက်ခံတော့မယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြော်ငြာလိုက်ပါတယ်။ အစိုးရက ပြည်သူလူထုအပေါ် ဆက်သွယ်ရေးနည်းပညာ နှိပ်ကွပ် ဈေးမြှင့်တင်မှု၊ လူထုအပေါ် ဖိစီးစေမှုတွေကြောင့် ပြည်သူလူထု သက်သာချောင်ချိရေးအတွက် အဆိုပါ ကြော်ငြာချက်ကို ပြန်လည်ပြင်ဆင်ပေးခြင်းမရှိဘူးဆိုရင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ (စနေနေ့) မှာ ရန်ကုန်မြို့ ရွှေဂုံတိုင် မြန်မာ့ဆက်သွယ်ရေးရုံးချုပ်ရှေ့မှာ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်က ဦးဆောင်ပြီး တရားဝင်ခွင့်ပြုချက် တောင်းဆိုကာ လူထု လှုပ်ရှားမှုကြီးတခု ဖော်ဆောင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ ပူးပေါင်းပါဝင်လိုသူ မည်သည့်အဖွဲ့အစည်းမဆို ဖိတ်ခေါ်ပါတယ်လို့ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်မှ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုနေမျိုးဇင်က ဘားမားဗီဂျေမီဒီယာကို ပြောဆိုလိုက်ပါတယ်။

 

 

 

Leave a comment

XHTML: You can use these html tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>